Local News

မြန်မာနိုင်ငံမှတင်ပို့သည့် ထောပတ်ပဲများ Cyanid ပါဝင်မှု သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိ

Last Updated:

ထောပတ်ပဲများကို မြန်မာနိုင်ငံအထက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်(မေမြို့)တွင်လည်း အနည်းငယ်စိုက်ပျိုးကြောင်းတွေ့ရှိရပါသည်။ ထောပတ်ပဲ(မိုး)ကို ဇွန်လမှအောက်တိုဘာလထိ စိုက်ပျိုးပြီး ရိတ်သိမ်း သည့်ကာလမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရိတ်သိမ်းကြပြီး ထောပတ်ပဲ(ဆောင်း)ကို အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် စိုက်ပျိုးကြပြီး ရိတ်သိမ်းသည့် ကာလမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လတွင် ရိတ်သိမ်းကြောင်းသိရှိရသည်။ ထောပတ်ပဲများသည် ရိတ်သိမ်းပြီး ကာလတွင် ပျက်ဆီးလွယ်တတ်သောကြောင့် ထိန်းသိမ်းရန် ခက်သော သီးနှံတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံမှထောပတ်ပဲကို ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျှက်ရှိပါသည်။ မြန်မာထောပတ်ပဲများကို အိမ်နီချင်းနိုင်ငံများဖြစ်သော အန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် စင်္ကာပူနိုင်ငံများသို့ အဓိက တင်ပို့ရောင်းချလျှက်ရှိပါသည်။

        မြန်မာနိုင်ငံမှ တင်ပို့လာသည့် ထောပတ်ပဲ များတွင် Cyanid(ဝါ) အဆိပ်ပြင်းသည့်ဓာတ်ပေါင်းတစ်မျိုးပါဝင်တွေ့ရှိကြောင်းကိုဂျပန်နိုင်ငံရှိသွင်း ကုန်စစ်ဆေး ရေးဌာန Ministry of health,Labor and Welfare (MHLW) ၊ Head of the Office of import food safety မှ မြန်မာ နိုင်ငံရှိသက်ဆိုင်ရာဌာနများသို့  အကြောင်းကြားလာပါသည်။ အဆိုပါထောပတ်ပဲများကို မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့  ၁၈-၁၂-၂၀၂၁နေ့တွင် တင်ပို့ခဲ့ပြီးဖြစ်ပြီး    ဂျပန်နိုင်ငံသို့   ၁၆-၁-၂၀၂၂ခုနှစ်တွင်ရောက်ရှိခဲ့ပြီး komeiTradingCo.,ltdသို့ တင်  ပို့ခဲ့ကြောင်းသိရှိရပါသည်။ ထိုသို့ရောက်ရှိ လာသောထောပတ်ပဲများကို ဂျပန်နိုင်ငံ စိစစ်ရေးဌာနမှ စစ်ဆေးရေး အမိန့်စာဖြင့် စစ်ဆေးခဲ့ရာ Cyanid(ဝါ) အဆိပ်ပြင်းသည့် ဓာတ်ပေါင်း တစ်မျိုးပါဝင်ကြောင်းစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိပါသည်။

    မြန်မာနိုင်ငံမှတင်ပို့သည့် ထောပတ်သီးများမှာ ဂျပန်နိုင်ငံမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းပြည့်မှီမှုမရှိသောကြောင့် ဂျပန်အစိုးရမှ အစားအစာ သန့်ရှင်းရေး ဆိုင်ရာ ဥပဒေပုဒ်မ ၁၃ အပိုဒ် ၂ အရ ထောပတ်ပဲများကို စွန့်ပစ်ပစ္စည်းများအဖြစ် သတ်မှတ်ပြီး ၊မြန်မာနိုင်ငံသို့ ပြန်လည်တင်ပို့ရန် ကို သိမ်းဆည်းထားကြောင်း သိရှိရသည်။သို့ပါ၍ မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဂျပန်နိုင်ငံသို့ထောပတ်ပဲတင်ပို့ရာတွင် ဂျပန်နို်ငငံမှ သတ်မှတ်ထားသော cyanid ဓာတ်ပေါင်းပါဝင်မှုဆိုင်ရာစံချိန်စံညွှန်းများအတိုင်းလိုက်နာဆောင်ရွက်သင့်ကြောင်း အသိပေးဖော်ပြအပ်ပါသည်။

 

Source: https://mitc.myantrade.gov.mm/post/Trade News

Category: Local News